Song Page - Lyrify.me

Lyrify.me

ဝမ်းနည်းမှတ်တမ်း Wan Nel Mhat Tann by (Sai Sai Kham Leng) Lyrics

Genre: rb | Year: 2003

မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီမိုးများ
ရွာနေတုန်း ငါချမ်းလို့တုန်
မိုးသည်းတဲ့ညတွေမှာ
တမ်းတနေ တစ်ညလုံး ချစ်တတ်တဲ့ငါတော့ရူး

မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီမိုးများ
ရွာနေတုန်း ငါချမ်းလို့တုန်
မိုးသည်းတဲ့ညတွေမှာ
တမ်းတနေတစ်ညလုံး ချစ်တတ်တဲ့ငါတော့ရူး

ဝေးခဲ့ပြီ အရိုးဆွေးတဲ့အထိငါတို့
ပေါင်းကြဖို့
သန္ဓိဋ္ဌာန်ချထားခဲ့တာပဲ
ငါမင်းရင်ခွင်မှာခေါင်းချမလို့
ငါရေးတဲ့အပြာရောင်စာရွက်တွေ
အနီရောင်ဖြစ်ပြောင်းသွား
ငါတို့ရဲ့အပြာရောင်တိမ်တိုက်တွေ
မိုးတွေအဖြစ်နဲ့ရွာချ
ငါ့မျက်လုံးထဲကရေခဲမြစ်တွေ
အရည်တွေပျော်ကုန်ပြီ
အရည်တွေပျော်ကုန်ပါပြီကွာ
ဒီဒိုင်ယာရီကိုရေးသား
မင်းနဲ့ငါနဲ့ပျော်ရွင်မြူး
နှစ်သစ်ကူးပေါင်း မနည်းပါဘူး
အခုရင်မှာအတွင်းကြေနေတာ
အသက်ရှူတာတောင် မဝတော့ဘူး
မင်းလိုချင်တဲ့ ဂရုစိုက်မှု
ငါ့ဘက်ကမပေးနိုင်
ယုံကြည်စွာမျှော်လင့်ခဲ့ ငါတို့
နှစ်ယောက်တော့မဝေးနိုင်
ဘာကြောင့်မို့ကွဲရတာလဲ
ငါ့ဦးနှောက်ကမတွေးနိုင်
ဒီနေ့ထိမမေ့နိုင်
ငါလွမ်းဆဲပဲ ယနေ့တိုင်
ငါ့အခန်းနံရံတွေပေါ်မှာ
မင်းဓါတ်ပုံတွေကပ်ထားဆဲ
ငါ့နှလုံးသွေးလည်ပတ်မှုတော့
ယနေ့ကစပြီးရပ်တန့်ခဲ့
အခြေအနေမဲ့ လေနေခဲ့ အပေအတေပဲ ငါကြေကွဲ
နေနေဆဲ ကြွေနေဆဲ အသေအကြေပဲ
မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီမိုးများ
ရွာနေတုန်း ငါချမ်းလို့တုန်
မိုးသည်းတဲ့ညတွေမှာ
တမ်းတနေတစ်ညလုံး ချစ်တတ်တဲ့ငါတော့ရူး

တိုက်ဆိုင်လိုက်တာများကွာ ဖေဖော်ဝါရီ၉ရက်
ဆိုးချက်ကရင်နင့်စရာ တောင်ငူကိုသွားခဲ့
ဗလောင်ဆူတဲ့ရင်ခွင်နဲ့အမှောင်တူတူဖြတ်ခဲ့
အရောင်တူတူညတွေထဲ
သစ်ပင်ကိုဝင်ကျုံးပစ်ချင်တယ်
မင်းကဘာကို အထင်ကြီးတာလဲ
မင်းကဘာကို မက်မောတာလဲ
မကြားချင်လည်းနားပိတ်ထားလိုက်
ငါကတော့ဒါကိုဆက်ပြောမှာပဲ
မင်းအပေါင်းအသင်းတွေ လာလာဖျက်တဲ့
စကားတွေနဲ့တင်ပျာယာခက်ခဲ့
ဟိုအရင်ကတော့ ဒါဟာမမှတ်တမဲ့
အခုတော့မုန်တိုင်းထဲ ငါဟာရပ်ခဲ့
နားလည်ပေးပါ ပရိသတ်ကြီးရယ်
ကျွန်တော် ဒီလောက်ထိချစ်တဲ့ဟာကို
အပြစ်မဲ့တာကိုလွယ်လွယ်မပြောချင်
မုသာဝါဒကျူးလွန်ခဲ့
နှစ်အချိုးတစ်ဆိုတာမဟုတ်ဘူး ညာတာ
တကယ်က တစ်အချိုးတစ် ဒါတွေအကုန်လုံး
ရှင်းပစ်အချိန်ကျတော့ မင်းကငါ့ကိုထားရစ်
ချစ်ခဲ့တာ ၄ နှစ် အပြစ်မဲ့စွာဝေးလွင့်
အဖြစ်အပျက်တွေ ပြန်လည်တွေးရင်း
အိမ်ပြန်ခဲ့ပါတော့ကွာ
ငါ့အချစ် တောင်းပန်တယ်ကွာ
တစ်လောကလုံး ဗြောင်းဆန်နေတာပဲ
တကယ်ချစ်ခဲ့တယ်ဆိုတာကတော့
လုပ်ဇာတ်မဟုတ်ပါဘူး ပရိသတ်ကြီးရယ်
မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီမိုးများ
ရွာနေတုန်း ငါချမ်းလို့တုန်
မိုးသည်းတဲ့ညတွေမှာ
တမ်းတနေတညလုံး ချစ်တတ်တဲ့ငါတော့ရူး

၁၉၉၇ ဒီဇင်ဘာလ ၁ ရက်
ကောင်းကင်ပြာပြာကြီးအောက်မှာ
ကျွန်တော့ချစ်သူကို
စတွေ့ခဲ့ အဲ့ဒီနေ့ကမိုးမရွာပါ
ဒီဇင်ဘာ ၈ ရက် နှလုံးသားကိုဓာတ်လိုက်ခဲ့
မင်းကိုချစ်ခဲ့
ဖေဖော်ဝါရီ၁၄ရက်သူ
ပေးတဲ့လက်စွပ်မောင်းကွင်းလေးကို
လက်ယာဘက်လက်သူကြွယ်မှာဝတ်ဆင်ခဲ့
ဘယ်တော့မှမချွတ်ချင်ခဲ့
ဧပြီ ၁၀ ရက်ကျွန်တော့မွေးနေ့
ဘုရားသွားခဲ့
အို အရူးအမူးပဲ
မေလ ၂၃ ဘဝတစ်သက်စာ လက်တွဲရမယ့်သူလို့
လေထဲတိုက်အိမ်ဆောက်ခဲ့ဖူးတာပဲ
ပျော်မြူးခဲ့
တစ်ညလုံးမအိပ်ပဲ့ ဖုန်းပြောခဲ့
တစ်ဘဝလုံးဆိတ်သုဉ်းရှုံးရောပဲ
ပေးလိုက်ရတာနှလုံးသားနဲ့
ပြန်ရလိုက်တာ အမုန်းများပဲ
အောက်တိုဘာ ၁၆ ရက် အတူကြည်နူးတဲ့ရက်တွေ
ရှိသလို ပြသနာတွေလည်းတက်တယ်
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့
သူကျွန်တော့ကိုရက်စက်
ဖေော်ဝါရီ ၉ ရက်အချစ်တစ်ခုကွဲပျက်
အချစ်တစ်ခုကွဲပျက်
မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီမိုးများ
ရွာနေတုန်း ငါချမ်းလို့တုန်
မိုးသည်းတဲ့ညတွေမှာ
တမ်းတနေတစ်ညလုံး ချစ်တတ်တဲ့ငါတော့ရူး

မိုးတွေရွာတုန်းမှာ
နားခိုစရာဟာ တကယ်မဲ့လို့
ငါတစ်ယောက်တည်းလျှောက်တယ်
အို လမ်းများဟာ
မှားယွင်းတဲ့လမ်းတွေမှာ
သွားတုန်းမှာငါပျော်ခဲ့
ရုန်းထွက်ဖို့တကယ်ခက်ခဲ
လွဲမှားတဲ့ ဘဝကြီးကို
သိခဲ့ရနောက်မှာလေ
အမှားများပြန်ပြင်တုန်းမှာ
အားလုံးနဲ့ငါကဝေး