Song Page - Lyrify.me

Lyrify.me

ရတနာသူ yadanar-thu by (Khin Maung Toe) Lyrics

Genre: pop | Year: 2021

မင်းရဲ့မျက်လုံးလေးများက
ပုလဲနဲ့မဟူရာ ပေါင်းစပ်ထားသလိုနှယ်

ကော့ညွတ်သွယ်နှုတ်ခမ်းလေးများက
သိပ်လှအောင် ပတ္တမြားသွေးလိမ်းကာခြယ်

ကိုယ်နေဟန်အချိုးကျသူရယ်
ရွှေရောင်လိုအသားဝင့်ဝါတယ်
သွားလေးတွေ ဖွေးဖွေးနုတယ်
ပုလဲလေးတွေ သီကုံးထားသည့်နှယ်တကယ်

မင်းရဲ့တစ်ကိုယ်လုံးပဲလှတယ်
အဖိုးထိုက်ရတနာ ပေါင်းစုထားသလိုနှယ်

ရတနာလိုလှဂုဏ်ကြွယ်သူရယ်
မင်းရဲ့ရင်အသည်းနှလုံးကတော့
စိမ်းကားကာ မာကျောလွန်းလှလေတယ်

အဖိုးထိုက်အောင် နောက်ထပ်လို့ရယ်
အသည်းနှလုံးကို ကျောက်စိမ်းနဲ့မွမ်းမံခြယ်
မင်းရဲ့မျက်လုံးလေးများက
ပုလဲနဲ့မဟူရာ ပေါင်းစပ်ထားသလိုနှယ်

ကော့ညွတ်သွယ်နှုတ်ခမ်းလေးများက
သိပ်လှအောင် ပတ္တမြားသွေးလိမ်းကာခြယ်

ကိုယ်နေဟန်အချိုးကျသူရယ်
ရွှေရောင်လိုအသားဝင့်ဝါတယ်
သွားလေးတွေ ဖွေးဖွေးနုတယ်
ပုလဲလေးတွေ သီကုံးထားသည့်နှယ်တကယ်

မင်းရဲ့တစ်ကိုယ်လုံးပဲလှတယ်
အဖိုးထိုက်ရတနာ ပေါင်းစုထားသလိုနှယ်

ရတနာလိုလှဂုဏ်ကြွယ်သူရယ်
မင်းရဲ့ရင်အသည်းနှလုံးကတော့
စိမ်းကားကာ မာကျောလွန်းလှလေတယ်

အဖိုးထိုက်အောင် နောက်ထပ်လို့ရယ်
အသည်းနှလုံးကို ကျောက်စိမ်းနဲ့မွမ်းမံခြယ်

ရတနာလိုလှဂုဏ်ကြွယ်သူရယ်
မင်းရဲ့ရင်အသည်းနှလုံးကတော့
စိမ်းကားကာ မာကျောလွန်းလှလေတယ်

အဖိုးထိုက်အောင် နောက်ထပ်လို့ရယ်
အသည်းနှလုံးကို ကျောက်စိမ်းနဲ့မွမ်းမံခြယ်
အဖိုးထိုက်အောင် နောက်ထပ်လို့ရယ်
အသည်းနှလုံးကို ကျောက်စိမ်းနဲ့မွမ်းမံခြယ်