Song Page - Lyrify.me

Lyrify.me

မဟာဆန်သူ Mahar-san-thu by (Khin Maung Toe) Lyrics

Genre: pop | Year: 2021

[Verse 1]
နှုတ်ဆက်ပြုံးနေသူ
ရှက်လို့သွားအောင်
တခြားဘက်လှည့်ကာ
ကျောခိုင်းပြေးတော့မယ်ပေါ့
ပြန်ပါစေလေ မဟာဆန်သူရေ
မတားနဲ့တော့

[Verse 2]
လက်နဲ့ဆက်လိုသူ တွေ့ဖို့ခက်အောင်
ပြတင်းတံခါးပိတ်ကာ
ကြိတ်မှိတ်အိပ်တော့မယ်ပေါ့
မဟာဆန်သူရေ ပျော်ပါစေလေ
မလွမ်းနဲ့တော့

[Chorus]
အကျိုးနဲ့အကြောင်း
မလွန်ခင်ရှင်းထားခဲ့ပြီးမှ
ဦးလှည့်လို့ ဘယ်ကိုနှင်မှာလဲ
ဆုံးဖြတ်တဲ့အတိုင်း
မင်းရဲ့ကံပေါ့
[Verse 3]
အနားတိုးလှမ်းလိုသူ
ရပ်တန့်သွားအောင်
အနောက်ဘက်လှည့်ကာ
ကျားကွက်ရွှေ့လိုက်တယ်ပေါ့
နေပါစေလေ မဟာဆန်သူရေ
မလှမ်းနဲ့တော့

[Verse 4]
လှသထက် နုယဉ်သူ မင်းမို့ပြုံးရင်
အနီးအလှတွေ
ခေါင်းငုံ့ထားကြမယ်ပေါ့
မဟာဆန်သူရေ ဣန္ဒြေရှင်ရေ
မင်းအတွက်ပေါ့

[Chorus]
အကျိုးနဲ့အကြောင်း
မလွန်ခင်ရှင်းထားခဲ့ပြီးမှ
ဦးလှည့်လို့ ဘယ်ကိုနှင်မှာလဲ
ဆုံးဖြတ်တဲ့အတိုင်း
မင်းရဲ့ကံပေါ့

[Verse 5]
အနားတိုးလှမ်းလိုသူ
ရပ်တန့်သွားအောင်
အနောက်ဘက်လှည့်ကာ
ကျားကွက်ရွှေ့လိုက်တယ်ပေါ့
နေပါစေလေ မဟာဆန်သူရေ
မလှမ်းနဲ့တော့